
J01 Audio Adapter
7,500.00 MMK
Description
Outer Shell Materials:
သတိ!!!!!
လာသမျှ Device အကုန်ချိတ်ဆက်နိုင်ဖို့ ကြိုးစုံအပေါက်စုံ OTG/Adapter အကုန်အသစ်ရပြီ

Audio / Data ဘာလာလာ အကုန် Join မယ်ဗျာ!
ဒီ J Series က အရင် Adapter တွေထက် Performance ကို Upgrade လုပ်ထားတယ်
ဥပမာ- ဖုန်းအားပါတခါတည်းသွင်းလို့ရတဲ့ 2 in 1 Adapter ဆိုရင်
အရင်က 5 W အခု Adapter မှာက 10 W ထိရပါတယ်။

ကြိုးတွေကို Nylon + ABS Plastic သုံးထားလို့ ပေါ့ပါးပြီးအကြမ်းခံတယ်။
ကြိုးသားက Nylon နဲ့မို့ ဆွဲဒဏ် ခေါက်ဒဏ် ပိုခံနိုင်တယ်။
Data ပို့ဆောင်မှုနှင့် အားသွင်းမှုအတွက် သတ္တုချည်ကြိုးများကို အသုံးပြုထားပါတယ်။
ချိတ်ဆက်ခေါင်းနေရာတွေ ခိုင်ခံ့မှုနှင့် ရေရှည်ခံ သံချေးမတက်စေရန် Stainless Steel ကိုသုံးပေးထားပါတယ်။


ဒီလို Type C ခေါင်းပြောင်းတွေ (သို့) Type C နားကြပ်တွေက Type C အပေါက်ပါတဲ့ဖုန်းမှန်သမျှနဲ့ သုံးလို့ရတာ မဟုတ်ဘူး။ တချို့ ဖုန်းမော်ဒယ်တွေနဲ့ဆို music only ပဲ ရတယ်။ နောက်တချို့မော်ဒယ်နဲ့ဆို music ရော call ရော နှစ်မျိုးလုံးရပါတယ်။ နောက်တချို့နဲ့ဆို ဘာမှကို သုံးလို့မရဘူး။
Type C to Type*2 (သို့) Type C to 3.5mm + Type C ဆိုရင် တချို့ ဖုန်းတွေနဲ့ဆို music ပဲရတယ်။ တချို့နဲဆို charging ပဲရတယ်။ တချို့နဲ့ဆို charging ရော music ရော call ရော (၃) မျိုးလုံးရပါတယ်။
(နဂိုကတည်းက 3.5mm audio jack အပေါက် ပါတဲ့ဖုန်းမော်ဒယ်တွေနဲ့ဆိုရင် music function များသောအားဖြင့်မရဘူး။ ရဖူးတဲ့ဟာ မတွေ့ဖူးသေးဘူး။)
ဈေးနှုန်း ၁ သောင်းကျပ် ပတ်ချာလည် Type C ရဲ့ လိုက်ဖက်နိုင်စွမ်း (compatibility) မှာ simulation decoder နှင့် digital decoder (၂) မျိုးရှိပါတယ်။ digital decoder ရဲ့ compatibility က ဆပေါင်းများစွာ ပို ကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တယ်ဆိုတာ လိုက်ဖက်တဲ့မော်ဒယ်တွေက ပိုများတယ်လို့ဆိုလိုတာပါ။ ကျယ်ပြန့်ပေမယ့် လိုက်ဖက်တဲ့မော်ဒယ်တွေက limited ဖြစ်နေတုန်းပါပဲ။ ပြောချင်တာက BARMASO ရဲ့ Type C ခေါင်းပြောင်းအားလုံးကို digital decoder နည်းပညာဖြင့် လုပ်ပေးထားပေမယ့် တွဲသုံးနိုင်တဲ့မော်ဒယ်တွေလည်း limit ရှိတယ်။ End user အနေနဲ့ အကောင်းဆုံးကတော့ မဝယ်ခင် ကြိုတင် လက်တွေ့စမ်းသုံးကြည့်ပြီးမှ ဝယ်ပါ။
မှတ်ချက်-
အကောင်းဆုံးကတော့
end user အနေနဲ့ မဝယ်ခင် ကြိုတင် လက်တွေ့စမ်းသုံးကြည့်ပြီးမှ ဝယ်စေချင်ပါတယ်။
ဆိုင် owner အနေနဲ့ အရေအတွက်နည်းနည်းနဲ့ အရင် စမ်းတင်ကြည့်စေချင်ပါတယ်။ လိုက်ဖက်နိုင်စွမ်း (compatibility) ကြောင့် ပစ္စည်းပြန်ပေးခြင်းကို လက်ခံလို့အဆင်မပြေကြောင်းကြိုတင် မေတ္တာရပ်ခံအကြောင်း ကြားအပ်ပါတယ်ခင်ဗျာ။

J01 Audio Adapter
7,500.00 MMK
Black