BARMASO ResQPen (CH-100)

33,000.00 MMK

Description
 အသက်အန္တရာယ်ကနေ စက္ကန့်ပိုင်းအတွင်းကယ်တင်ပေးနိုင်မယ့် BARMASO ResQPen (CH-100)
 ကားမောင်းနေရင်း ရုတ်တရက် ရေထဲကျခြင်း၊ တံခါးပိတ်မိခြင်း ဒါမှမဟုတ် ထိုင်ခုံခါးပတ် (Seatbelt)   ဖြုတ်မရဘဲ ပိတ်မိနေတဲ့ အခြေအနေမျိုးတွေမှာ မိနစ်ပိုင်းအတွင်း ဆုံးဖြတ်ချက်က အလွန်အရေးကြီးပါ     တယ်။
အဲဒီလို အရေးပေါ်အခြေအနေတွေအတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ BARMASO ResQPen (CH-100) ဟာ ကားတိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Safety Gadget တစ်ခု ဖြစ်ပါတယ်။
 ✨ ResQPen က အသက်အန္တရာယ်ကနေတကယ်ကယ်တင်နိုင်လား?
  •Premium Quality: ခိုင်ခံ့မှုအပြည့်ရှိတဲ့ Aluminum Body နဲ့ ABS ကော်အကောင်းစားပေါင်းစပ်ပြုလုပ်ထားပြီး လက်ထဲမှာ ကိုင်တွယ်ရလွယ်ကူတဲ့ Anti-skid Design ကို အသုံးပြုထားပါတယ်။
  •Window Hammer (Advanced Spring-loaded System): အင်အားအများကြီး စိုက်စရာမလိုဘဲ မှန်ကို ဖိချလိုက်ရုံနဲ့ အတွင်းထဲက Mechanical Spring စနစ်က အလိုအလျောက် အားပြင်းပြင်းနဲ့ ရိုက်ခွဲပေးမှာပါ။ (ဘက်ထရီမလိုတဲ့အတွက် အချိန်မရွေး အသင့်သုံးနိုင်ပါတယ်)
  •အားအရမ်းစိုက်စရာမလိုဘဲအလွယ်တကူသုံးနိုင်ပါတယ်။
  •Seatbelt Cutter: အဖုံးကို ဆွဲဖြုတ်ပြီး ခါးပတ်ကို ဓားကွင်းထဲထည့်ကာ ဆွဲဖြတ်လိုက်ရုံပါပဲ။ ဓားက အတွင်းထဲမှာမို့လို့ လက်ရှမိမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။
  •Compact & Portable: သေးငယ်ပေါ့ပါးပြီး ကားဂီယာတိုင် သို့မဟုတ် Dashboard အနီးမှာ Suction Base နဲ့ အလွယ်တကူ ကပ်ထားနိုင်ပါတယ်။
 ________________________________________
  💡 အရေးပေါ်အချိန်မှာ အသုံးပြုနည်း လမ်းညွှန်
 ၁။ ထိုင်ခုံခါးပတ် ဖြတ်နည်း -ResQPen ရဲ့ အမြီးပိုင်းမှာရှိတဲ့ Protective Clip (အဖုံး) ကို ဆွဲဖြုတ်ပါ။ -အတွင်းထဲမှာပါတဲ့ ဓားကွင်းထဲကို ခါးပတ်ကြိုး ထည့်ပါ။ ၃။ ခပ်ပြင်းပြင်းလေး ဆွဲဖြတ်လိုက်ရုံပါပဲ။
 ၂။ ကားမှန်ခွဲနည်း - ResQPen ရဲ့ ခေါင်းပိုင်း (Tungsten Steel Head) ကို ကားမှန်ရဲ့ ထောင့်လေးထောင့် ထဲက တစ်နေရာရာမှာ တည့်တည့်တေ့ပါ။ (မှန်အလယ်ထက် ထောင့်တွေက ပိုကွဲလွယ်ပါတယ်)
  - ခပ်ပြင်းပြင်းလေး ဖိချလိုက်ပါ။ Spring-loaded စနစ်က စက္ကန့်ပိုင်းအတွင်း မှန်ကို ခွဲပေးသွားမှာ ဖြစ်ပါတယ်။ *မှတ်ချက်* ယာဥ်ပေါ်၌ အန္တရာယ်ကြုံလာချိန်သုံးရန်အတွက်ဖြစ်ပါသည်။
 ________________________________________
 ⚠️ သတိပြုရန် အချက်များ⚠️
 •ဘေးမှန်ကိုသာ ခွဲပါ- ရှေ့လေကာမှန် (Windshield) တွေက အလွှာလိုက်ကပ်ထားတာကြောင့် ခွဲရခက်ပါတယ်။ ဘေးမှန် သို့မဟုတ် နောက်မှန်ကို ခွဲတာက ပိုထိရောက်ပါတယ်။
 •ကြိုတင်စမ်းသပ်ခြင်း-ကားမှန်ပေါ်မှာ အပျော်စမ်းသပ်တာမျိုး မလုပ်သင့်ပါဘူး။ ပစ္စည်းအလုပ်လုပ်မလုပ် သိချင်ပါက သစ်သားပြားအထူကဲ့သို့ အမာစားပစ္စည်းပေါ်မှာ စမ်းသပ်နိုင်ပါတယ်။
 •ထိန်းသိမ်းမှု- မှန်ခွဲထိပ်ဖျား မပွန်းပဲ့စေဖို့နဲ့ စပရင်အား မလျော့စေဖို့ အပျော်သက်သက် ခဏခဏ ဖိဆော့တာမျိုး ရှောင်ကြဉ်ပေးပါ။
 ________________________________________
 "စက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်က သင့်အသက်ကို ကယ်တင်နိုင်ပါတယ်။"
  မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ချစ်ခင်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ဘေးကင်းလုံခြုံစေမယ့် လက်ဆောင်အဖြစ်ဖြစ်စေ BARMASO ResQPen တစ်ခုကတော့ ကားထဲမှာဆောင်ကိုဆောင်ထားသင့်ပါတယ်။