C01 Adapter (Type C to 3.5mm)

13,000.00 MMK

Description

🔥 သတိ!!!!! 🔥
ဒီလို Type C ခေါင်းပြောင်းတွေ (သို့) Type C နားကြပ်တွေက Type C အပေါက်ပါတဲ့ဖုန်းမှန်သမျှနဲ့ သုံးလို့ရတာ မဟုတ်ဘူး။ တချို့ ဖုန်းမော်ဒယ်တွေနဲ့ဆို music only ပဲ ရတယ်။ နောက်တချို့မော်ဒယ်နဲ့ဆို music ရော call ရော နှစ်မျိုးလုံးရပါတယ်။ နောက်တချို့နဲ့ဆို ဘာမှကို သုံးလို့မရဘူး။

Type C to Type*2 (သို့) Type C to 3.5mm + Type C ဆိုရင် တချို့ ဖုန်းတွေနဲ့ဆို music ပဲရတယ်။ တချို့နဲဆို charging ပဲရတယ်။ တချို့နဲ့ဆို charging ရော music ရော call ရော (၃) မျိုးလုံးရပါတယ်။

(နဂိုကတည်းက 3.5mm audio jack အပေါက် ပါတဲ့ဖုန်းမော်ဒယ်တွေနဲ့ဆိုရင် music function များသောအားဖြင့်မရဘူး။ ရဖူးတဲ့ဟာ မတွေ့ဖူးသေးဘူး။)

ဈေးနှုန်း ၁ သောင်းကျပ် ပတ်ချာလည် Type C ရဲ့ လိုက်ဖက်နိုင်စွမ်း (compatibility) မှာ simulation decoder နှင့် digital decoder (၂) မျိုးရှိပါတယ်။ digital decoder ရဲ့ compatibility က ဆပေါင်းများစွာ ပို ကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တယ်ဆိုတာ လိုက်ဖက်တဲ့မော်ဒယ်တွေက ပိုများတယ်လို့ဆိုလိုတာပါ။ ကျယ်ပြန့်ပေမယ့် လိုက်ဖက်တဲ့မော်ဒယ်တွေက limited ဖြစ်နေတုန်းပါပဲ။ ပြောချင်တာက BARMASO ရဲ့ Type C ခေါင်းပြောင်းအားလုံးကို digital decoder နည်းပညာဖြင့် လုပ်ပေးထားပေမယ့် တွဲသုံးနိုင်တဲ့မော်ဒယ်တွေလည်း limit ရှိတယ်။ ၁၀၀% စမ်းသပ်ပြီး လိုက်ဖက်တဲ့ မော်ဒယ်တွေကို ဒီ link ထဲ ဝင်ကြည့်နိုင်ပါတယ်။ မကြာခဏ update လုပ်ပေးပါမယ်။ link ထဲမပါတဲ့မော်ဒယ်အတွက်ဆိုရင် end user အနေနဲ့ အကောင်းဆုံးကတော့ မဝယ်ခင် ကြိုတင် လက်တွေ့စမ်းသုံးကြည့်ပြီးမှ ဝယ်ပါ။

Compatibility Test Result:
Model C02 - https://bit.ly/3FbpDXY

Model C05/C06 - https://bit.ly/3kJkooJ

မှတ်ချက်-
အကောင်းဆုံးကတော့
end user အနေနဲ့ မဝယ်ခင် ကြိုတင် လက်တွေ့စမ်းသုံးကြည့်ပြီးမှ ဝယ်စေချင်ပါတယ်။