Speaker တွေမှာ Memory Stick/ Micro SD Card သုံးမရရင် ဒါကိုစစ်ပေးရမယ်။
Speaker တွေကို Memory Stick/SD card ထိုးသုံးမယ်ဆိုရင် အောက်ပါအတိုင်းစီစဉ်ပေးရပါမယ်။ ထိုးသုံးလို့မရတဲ့အခါ ဒါလေးတွေကို တစ်ချက်ချင်းစီ တိုက်စစ်ပေးပါနော်။ စစ်ပြီးတောင်မှ သုံးလို့မရရင် error ဖြစ်ဖို့များပါတယ်။

၁။ SD card ရဲ့ format က FAT32 ဖြစ်ရမယ်။ ဒါကို မသိရင်လည်း စိတ်ပူစရာမလိုဘူးနော်။ memory stick/SD card နဂို format က FAT32 ဖြစ်ပြီးသား။ NTFS နဲ့ format မချဘူးရင် format ပြန်ပြောင်းစရာမလိုဘူး။

၂။ Memory GB (gigabytes) capacity တောင်းဆိုချက်ရှိပါတယ်။ တချို့ speaker က 4G တချို့က 8G တချို့ဆိုရင် support ပေးနိုင်တဲ့ GB က ပိုများတယ်။ BARMASO speaker တွေကတော့ 32GB ထိ support ပေးပါတယ်။

၃။ သီးချင်း file format က MP3 ဖြစ်ရမယ်။ တခြား format မရဘူး။

၄။ သီးချင်းတွေကို folder အလိုက်မခွဲလိုက်နဲ့။ speaker တွေက ဖုန်းလို control system မပါတဲ့အတွက် ရွေးလို့မရဘူး။ သူ့ကိုယ်ကိုယ်ကိုလည်း မရွေးနိုင်ဘူး။ သီးချင်းတွေကို Memory Stick/SD card ထဲဝင်ဝင်ချင်းနေရာမှာ စုထားပါ။

#barmaso #speaker

Leave a comment

Your email address will not be published. Required fields are marked *

Please note, comments must be approved before they are published