Phone 15 series ကို ဘယ်လိုအားသွင်းသင့်လဲ???
Phone 15 series ကို ဘယ်လိုအားသွင်းသင့်လဲ???

၁။ ကျွန်တော့တို့ရဲ့ testing အရဆိုရင် iPhone 15 series ရဲ့ charging input က ≥27W နဲ့ ဝင်ပါတယ် (အမှန်ဆိုရင် iPhone 14 Series ကတည်းက)။ အရင်က 20W အားသွင်းခေါင်းနဲ့ သွင်းရင် 20W ပဲ ဝင်ပါမယ်။ အဲ့ဒီအတွက် 27W အထက် ထွက်တဲ့ PD charger နဲ့ သွင်းရင် 1/4 ပိုမြန်လာမယ်။ သွင်းချိန်ပိုသက်သာစေတယ်။ >20W charger နဲ့သွင်းတာမို့လို့ battery ပိုထိခိုက်တယ်ဆိုတာမျိုး မရှိဘူး။ စိတ်ချလက်ချ သုံးပါ။

၂။ 27W အထက် PD charger ဆိုရင် ပုံမှန်အားဖြင့် 30W/33W/65W/100W (၄) မျိုးပဲရှိပါတယ်။ 65W/100W က iPhone 15 series ကိုပဲ သွင်းမယ်ဆိုရင် ဈေးကောင်းပြီး waste ဖြစ်တယ်။ 30W နှင့် 33W ကို နှိုင်းယှဉ်ကြည့်တော့ 33W ရဲ့ တွဲသုံးနိုင်စွမ်း (compatibility) က ပိုကျယ်ပြန့်တယ်။ ဈေးလည်း 30W နဲ့ မတိမ်းမယိမ်းဖြစ်နေတယ်ဆိုတော့ 33W ကိုပဲ recommend ပေးပါတယ်။ Cable ကိုတော့ C to C 60W နဲ့ တွဲပေးပါ။ 60W နဲ့ဆိုရင် တော်တော်လုံလောက်ပြီ။ ဘာလို့လည်းဆိုတော့ C to C cable တွေက 60W အောက် မရှိဘူး။ 60W က အနည်းဆုံးဖြစ်ပါတယ်။

၃။ 33W charger က GaN material အစစ်နဲ့ ထုတ်လုပ်ပေးထားရင် Size က သေးကျစ်ပြီး ပုံမှန်အားသွင်းခေါင်းထက် အပူလောက်ပိုသက်သာစေတယ်။

၄။ ဒီလို 33W PD charger + 60W cable နဲ့လည်း ကြိုက်တဲ့ Android ဖုန်းကိုလည်း သွင်းလို့ရတယ်။ GaN material ဖြစ်ပြီး PD (power delivery) အားသွင်းစနစ်နဲ့လည်းစစ်မှန်တယ်ဆိုရင် အော်ကြိုးက လွဲရင် အကောင်းဆုံး ရွေးချယ်မှုပါပဲ။

#barmaso #iPhone_charger

Leave a comment

Your email address will not be published. Required fields are marked *

Please note, comments must be approved before they are published