Lithium Polymer battery Vs Lithium-Ion battery
ဒါက အရေးကြီးတယ်။ ဗဟုသုတ အနေနဲ့ ဖတ်ပါ။
 
တော်တော်များများလျှစ်စစ်ပစ္စည်းမှာ battery သုံးထားပါတယ်။ ဥပမာ- ကား၊ ဖုန်း၊ tablet၊ powerbank...
 
battery အမျိုးအစား သုံးတာ အများဆုံးက Lithium Polymer နှင့် Lithium-Ion ပါ။
 
ဒီနေ့ ဒီ (၂) မျိုး battery ရဲ့ ကောင်းကျိုးဆိုးကျိုး ရှင်းပြပေးပါမယ်။
 
--------------------------------
Lithium Polymer (Li-Po) Battery (နားလည်လို့လွယ်အောင်- flat ကျကျ ထောင့်ချိုးကျကျဆိုတဲ့ပုံစံ။ ပုံ ၁ ကိုကြည့်ပါ။)
 
ကောင်းကျိုး
၁။ ပုံသဏ္ဍာန် ကြိုက်သလို ထွင်လို့ရတယ်။ ပုံသဏ္ဍာန်ပေါ်အကြီးအသေးပေါ်မူတည်ပြီး capacity လည်းပြောင်းလဲတယ်။ အရမ်းဈေးကောင်းတဲ့ဟာဆိုရင် ကျစ်ကျစ်လစ်လစ် compact size နဲ့ capacity များများလည်း ထုတ်နိုင်ပါတယ်။ သေးကျစ်ပြီး capacity မြင့်လေ ဈေးကောင်းလေ။ (ဥပမာ- ဖုန်းထဲရဲ့ 5000mAh Li-Po battery ဆိုရင် သေးသေးလေးပဲ။)
၂။ ပေါက်ကွဲမလွယ် ပိုပြီး safe ဖြစ်တယ်။ (ဒါပေမယ့် အချွန်ထိုးလုံးဝမခံဘူး။ ထိုးမိတာနဲ့ မီးထလောင်မယ်။ မပေါက်ကွဲတာကို ပြောတာ မလောင်တတ်တာကို ပြောတာမဟုတ်ဘူး။)
၃။ weight က ပိုပေါ့တယ်။
 
ဆိုးကျိုး
၁။ တကယ့် Watt အားကြီးကြီး (ဥပမာ- watt 300/500/700...) မထုတ်နိုင်။ Watt အားကြီးတာကို မှ ငြိမ်တာဆို Li-Ion.
၂။ ဖောင်းတတ်တယ်။
၃။ ကြာကြာထားရင် capacity ကျတတ်တယ်။ (မကြာခဏ ထုတ်သုံးပေးပါ။) (သတိ- Li-Ion 21700 နဲ့ယှဉ်တာကို ပြောတာ။ 18650 မဟုတ်။)
၄။ life cycle ပိုတိုတယ်။
၅။ ဈေးအနည်းငယ်ပိုကောင်းတယ်။ (customized shape ဆို ပိုဈေးကြီးတယ်။ လေ့လာသုံးသပ်ပြီးမှ ထုတ်လို့ရတဲ့အတွက်။)
 
---------------------------------
Lithium-Ion Battery (Li-Ion) - (aircon remote ရဲ့ battery ပုံသဏ္ဍာန်လို ဒါမှမဟုတ် ဖုန်း battery လိုပြားပြားလေးဖြစ်ပြီး ဘေးဘောင်တွေက လုံးလုံးလေးဖြစ်တဲ့ဟာမျိုး။ ပုံ ၂ ကိုကြည့်ပါ။)
 
ကောင်းကျိုး
၁။ Watt အားကြီးကြီးနိုင်တယ်။ ငြိမ်လည်းငြိမ်တယ်။ ဒီအပိုင်းမှာ နည်းပညာပို ရင့်ကျက်တယ်။ သတိထားမိမှာပါ။ outdoor camping powerbank ထွက်အား Watt 300/500/800 တွေက Li-Ion တွေပဲ။ ဒီအတွက် Li-Po အခုမှ စမ်းသပ်နေတုန်း။
၂။ Life cycle အကြိမ်အရေအတွက် ပိုများတယ်။ အာ့ကြောင့် Li-Ion တွေပဲသုံးတယ်။ (Sodium-Ion battery ကို ခဏဘေးမှာထားဦးမယ်။ အဲ့ကောင်က widely used မဖြစ်သေးဘူး။) (တချို့ website တွေမှာက ပြောင်းပြန်ဖြစ်နေတယ်။ မှားနေတယ်။)
၃။ မသုံးတာကြာရင်လည်း capacity ကျတာနည်းတယ်။ maintenance cost နည်းတယ်။ (Li-Ion 21700 ကိုပြောနေတာပါ။ 18650 ရဲ့ performace က 21700 လောက်မကောင်း။)
၄။ ဈေးပို သက်သာတယ်။
၅။ rated capacity (တကယ်ထွက်နိုင်တဲ့အား) ပိုမြင့်တယ်။
 
ဆိုးကျိုး
၁။ ပေါက်ကွဲတဲ့ဖြစ်နိုင်ခြေက ရှိတယ်။ (ဒါပေမဲ့ ရှားမှရှားသွားပြီ။ iPhone 14 Pro Max လည်း Li-Ion နဲ့ပဲ။)
၂။ Eletrolyte leakage ဖြစ်နိုင်ခြေ ပိုမြင့်တယ်။ (တကယ့်အထဲမှာဆိုရင် အရည်နဲ့ မိုလို့ပါ။ ကိုယ်သောက်တဲ့ရေလိုတော့မဟုတ်ဘူး။ ပျစ်ပျစ်လေးပေါ့။)
၃။ ပုံသဏ္ဍာန်ကို ကြိုက်သလို ထွင်လို့မရဘူး။ လုံးလုံးလေးဆိုတော့ ပုံသေနေတယ်။
 
အကျဉ်းချုပ်အနေနဲ့
Li-Po Vs Li-Ion မှာ ဘယ်ဟာပိုကောင်းလဲဆိုတာ မရှိဘူး။ ဘယ်မှာ သုံးမလဲ။ battery အချင်းချင်းဘယ်လို Join မလဲ။ ဘယ်လို circuitboard နဲ့ တွဲသုံးမှာလဲ။ စက်ပစ္စည်း ပုံသဏ္ဍာန်က ဘယ်လိုလဲ...စသည်ဖြင့် အစိတ်အပိုင်း အမျိုးမျိုး factor တွေပေါ်မှာ မူတည်တယ်။ Battery ကောင်းပြီး အခြားနေရာမှာ မကောင်းရင်လည်း အဆင်မပြေဖြစ်တာပါပဲ။
 
ကြိုက်ရာရွေးပါ။ ကိုယ့်စိတ်ကြိုက် brand ရွေးပါ။
 
--------------------------------
BARMASO ရဲ့ powerbank တွေကတော့ Lithium Polymer နဲ့ထုတ်ထားတာရှိသလို Lithium Ion နဲ့ထုတ်ထားတာလည်းရှိပါတယ်။ BARMASO Powerbank အားလုံးကို အောမခံချက် (၄) ချက်ပေးပါတယ်-
၁။ စစ်မှန်တဲ့ fast charging စနစ်။
၂။ စစ်မှန်တဲ့ capacity.
၃။ အရမ်းနည်းတဲ့ error rate.
၄။ (၁) နှစ်တိတိ factory fault အာမခံ။
 
သုံးကြည့်ပါ။ ဒီဇိုင်း နှင့် build quality အစ premium ပစ္စည်းမှန်တယ်ဆိုတာ ကိုင်ကြည့်တာတောင် အရမ်းသိသာပါတယ်။
 
----------------------------------
reference:
battery စက်ရုံ၊ google, baidu, youtube, chat GPT.
 
#barmaso #powerbank #lithium #lithium_polymer #lithium_ion #li_po #li_ion

Leave a comment

Your email address will not be published. Required fields are marked *

Please note, comments must be approved before they are published