ဈေးကွက်မှာ လုံးဝမရှိခဲ့ဖူးတဲ့ Andriod ဖုန်း မှန်မကွဲ

2019 တုန်းက
iPhone user တွေ အတွက် ကျွန်တော်တို့က BARMASO Asahi Glass အနေနဲ့ 100% Screen Display ဆိုတဲ့ concept ကို TBH Labs ကနေ မြန်မာပြည် ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အခုဆို အဲ့ concept က popular ဖြစ်ပြီးတောင် ရိုးနေပါပြီ။

ထိုနည်းတူပဲ...

ဒီနေ့မှာ
Andriod user တွေအတွက် BARMASO Ironman Glass အနေနဲ့
101% Screen Display ဆိုတဲ့ concept ကို ကျွန်တော်တို့ မြန်မာပြည် ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးနေပါပြီ။
ကျွန်တော်တို့ယုံကြည်ပါတယ် - အားလုံးအတွက် အကျိုးရှိတဲ့ ဒီ concept လည်း အမြန် popular ဖြစ်လာမှာပါ။

101% Screen Display အကြောင်းကို အပြည့်အ၀ လေ့လာဖို့ အောက်ပါအချက်အလက်များကို ဆက်ဖတ်ပေးပါနော်။


=========================

Andriod ဖုန်းလောကမှာ လုံးဝမရှိခဲ့ဖူးတဲ့ မှန်မကွဲ အမျိုးအစားကို ကျွန်တော်တို့ BARMASO အနေနဲ့ ထုတ်နေပြီ။
.
×××××××××××××××××××××
Andriod ဖုန်းတွေအတွက် 100% screen display မှန်မကွဲဆိုတာ အခုထိ မထုတ်နိုင်ကျသေးဘူး။ အကြောင်းအရင်း နှင့် အခက်အခဲတွေကတော့ တကယ်များပါတယ်-
၁။ ဖုန်းမော်ဒယ်တိုင်းရဲ့ screen display size data ၁% မလွှဲအောင် ထပ်ခါထပ်ခါ စက်နဲ့ တိုင်းတာပြီး ကြိမ်ပေါင်းများစွာ confirm လုပ်ရတဲ့ အခက်အခဲ၊
၂။ sample မှန်ကို အကြိမ်ကြိမ်အခါခါ ထုတ်ပြီး ဖုန်းပေါ်ကပ်၊ ၁၀၀% screen display ရမရ၊ sensor နှင့် front camera အလုပ် လုပ်မလုပ်ကို လေ့လာရတဲ့ ပေးဆပ်မှု၊
၃။ ဖုန်းမှန်တွေရဲ့ ဘေးဘောင်တွေက မသိမသာလေးကွေးထားတဲ့အတွက် ၁၀၀% screen display လုပ်လိုက်ရင်လည်း ဘေးဘောင်တွေကို ကော်ရည်နဲ့ ဖြည့်ရပြီး cus တွေမြင်ရင်လည်း မှန်မကွဲက မကောင်းတာလားဘာလား ထင်ခံရတဲ့ အတွေ့အကြုံ၊
၄။ ပုံမှန် မှန်မကွဲတွေက universal မှန် ဖြစ်တဲ့အတွက် ဖုန်းမော်ဒယ် တော်တော်များများနဲ့ တွဲသုံးလို့ရပါတယ်။ ဒါပေမဲ့ ၁၀၀% screen display ထုတ်လိုက်ရင် တွဲသုံးလို့ရတဲ့မော်ဒန်တွေက နည်းပြီး stock ထိုင်တဲ့ risk က မြင့်မား၊

........................ brand owner တွေ ကြုံနေကျရတဲ့ အခက်အခဲတွေ တစ်ခုချင်းစီ ပြောပြလိုက်ရင် ဒီ post တစ်ခုတည်းနဲ့ ပြီးမှာ မဟုတ်ဘူး။

ရှင်းရှင်းလင်းလင်း တစ်ခု ပြောပြရမယ်ဆိုရင် authentic ၁၀၀% screen display ကို detail customize ထုတ်ဖို့အတွက် မော်ဒန်တစ်ခုတည်းအတွက် မှာယူရမယ့် အရည်အတွက်က 3000 pcs ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ အခု ရောင်းနေတဲ့ မော်ဒန်အရည်အတွက်က ၂၇၀ ကျော်ရှိပါတယ်။ Stock က ဘယ်လောက်ကြီးမလဲဆိုတော့ 3000 X 270 = 810,000 pcs အတွက် အမြဲ stock ထားနိုင်ရမယ်။

ပုံမှန် မှန်ထက် cost, stock risk ဘာညာ မြင့်မားတဲ့အတွက် တကယ်ထုတ်နိုင်လာခဲ့ရင်လည်း ဈေးအနည်းနဲ့ ရနိုင်မယ်လို့တော့ မထင်ဘူး။

ဒါပေမဲ့........

အခက်အခဲတွေ ရှိနေပေမယ့်
100% Screen Display ရဖို့
ကျွန်တော်တို့ BARMASO က
ပထမအနေနဲ့ ခြေလှမ်း စလှမ်းပြီဗျာ။

အခုကစပြီး Ironman Glass ကို မော်ဒန်တစ်ခုချင်းစီအတွက် 100% screen display ရနိုင်အောင် upgrade လုပ်ပေးနေပါပြီ။ ဈေးကွက်ထဲ ဖုန်းအလုံး များတဲ့ မော်ဒန်တွေကို (ဥပမာ- Redmi K30/ Redmi Note 8 Pro/ Redmi 10X 5G) အရင်လုပ်ပေးနေပါပြီခင်ဗျာ။

နောက်လာမယ့် upgrade လုပ်ပေးထားတဲ့ မှန်သမျှ "100%" screen display လို့ပြောတာထက် "𝟏𝟎𝟏%" screen display လို့ပြောမှ ပိုထိရောက်ပါတယ်။

"100%" screen display လုပ်ပေးထားရင် ကပ်တာ နည်းနည်း center မကျတာနဲ့ စောင်းနေတဲ့ဘက်က screen နည်းနည်းလေး အုပ်သွားလိမ့်မယ်။ "𝟏𝟎𝟏%" ဆိုတာ screen display size ရဲ့ ဘေးပတ်လည်ကို 0.1mm ပို ကျယ်ပေးထားပါတယ်။ အဲ့အနေနဲ့ ဘယ်မှာ ဘယ်သူပဲ ကပ်ကပ် center မကျရင်လည်း screen ကို မအုပ်တတ်တော့ဘူး။

နောက်တစ်ခု စိတ်ဝင်စားစရာကောင်းတာက လေခိုဘူး။ ကော်ရည်ဖြည့်စရာ မလိုတော့ဘူး။

Upgrade လုပ်ပေးထားတဲ့ မော်ဒန်တွေကို တစ်ဖြည်းဖြည်းနဲ့ page ပေါ်တင်ပေးသွားပါမယ်။

ဒီနေအထိ ဒီလောက်ထိ လုပ်ပေးနိုင်လာတာ BARMASO ဝန်ထမ်းတွေအားလုံးရဲ့ ကြိုးစားကြောင့်သာ မဟုတ်ပဲ လက်လီလက္ကား customer တွေ အားလုံးရဲ့ အားပေးမှုကြောင့်ဖြစ်တဲ့အတွက် 𝟏𝟎𝟏% screen display မှန်ရဲ့ ဈေးကို ပုံမှန် 𝟰𝟬𝟬𝟬𝗸𝘀 နဲ့ပဲ ထားပေးသွားမယ်လို့ ကြိုတင်ကတိပေးအပ်ပါတယ်ခင်ဗျာ။

BARMASO ပင်ရင်းဆိုင် စဖွင့်ကတည်းက အဆက်မပျက် အမြဲ လာအားပေးတဲ့ VIP Customer တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

 

လေးစားစွာဖြင့်

 

BARMASO Team

Leave a comment

Your email address will not be published. Required fields are marked *

Please note, comments must be approved before they are published