UV မှန်ကပ်ရဲ့ ကောင်းကျိုးဆိုးကျိုးမျာ

မှန်ခုံးဖုန်း user မိတ်ဆွေများခင်ဗျာ။
BARMASO UV GLASS ကပ်လာတာ (၁၀) လကျော်ရှိပါပြီ တစ်ခု သတိထားမိတာက UV မှန်ကပ်ရဲ့ ကောင်းကျိုး ဆိုကျိုးတွေကို သိထားတဲ့မိတ်ဆွေတွေက နည်းပါတယ်။

အဲ့ဒီအတွက်ကြောင့် ဒီနေ့ကစပြီး BARMASO ဆိုင်ခွဲအားလုံးမှာ UV မှန် မကပ်ပေးခင်မှာ UV မှန်ရဲ့ ကောင်းကျိုးဆိုးကျိုးများ နှင့် BARMASO UV GLASS အပိုင်းရဲ့ ရှင်းလင်းချက်များကို စာရွက်အနေနဲ့ အရင်ပေးဖတ်ထားမယ်ဖြစ်ပြီး ဖတ်ပြီးပါက ဖတ်ပြီးနားလည်သဘောတူညီကြောင်း ကို sign ထိုးပြီးမှသာ ကပ်ပေးနိုင်မယ်ဖြစ်ပါတယ်ခင်ဗျာ။

ပေးဖတ်ရမယ့် အချက်အလက်များ ကို အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ။

◼️ UV မှန်ကပ်ရဲ့ ကောင်းကျိုးဆိုးကျိုးများ။
ကောင်းကျိုး
၁။ ကပ်ပြီးရင် နဂိုမှန်လို touch sensitive ဖြစ်တယ်။
၂။ In-display fingerprint ပြန်ဖတ်စရာမလိုဘူး။ (ပြန်ဖတ်ပေးလိုက်ရင်တော့ နဂိုမှန်လို ဖတ်လို့ရသွားမယ်။)
၃။ ကြည်လင်ပြတ်သားမှုက နဂိုမှန်လို ရနိုင်တယ်။
၄။ Screen Display ကို နည်းနည်းမှ မဖုံးဘူး။

ဆိုးကျိုး
၁။ ကပ်ချိန်ကြာတယ်။ တစ်ချပ်ကို မိနစ် (၃၀) ထိကြာနိုင်တယ်။
၂။ ဖုန်းရဲ့ အပေါက်တစ်ခုခု (speaker, button, Samsung Note Pen ပေါက်၊ အားသွင်းပေါက်) ထဲကို UV ကော်ရည်ဝင်သွားရင် ဖြေရှင်းလို့ခက်တယ်။ ဖြေရှင်းလို့မရရင် သက်ဆိုင်ရာ Service မှာ သွားပြင်ရမယ်။ ဖုန်းဖွင့်စစ်၊ ဖွင့်ပြင်ရမယ့် အခြေအနေလည်း ရှိနိုင်ပါတယ်။
၃။ ကော်သားညံ့ရင် ပြန်ခွာလို့အရမ်းခက်မယ်။ (ကော်သားကောင်းရင် မခက်ပါ။)
၄။ ရိုးရိုး ကော်အပြည့်မှန်ကပ် ထက် UV မှန်တွေရဲ့ ဘေးဘောင်တွေ လေခိုလာတဲ့ ဖြစ်နိုင်ခြေက မြင့်တယ်။

ကျွန်တော်တို့ရဲ့ Suggestion —
ငြင်းစရာမရှိပဲ မှန်ခုံးဖုန်းအတွက် UV မှန်က sensitive အဖြစ်ဆုံး၊ ပွတ်တဲ့အချိန်မှာ သုံးတဲ့အချိန်မှာ feel အလာဆုံးပဲ။ ဒါပေမဲ့ risk ကလည်း မြင့်တယ်။ Risk ယူနိုင်မှသာ ကပ်ပါခင်ဗျာ။ Risk မယူနိုင်ရင် Secondary Choice အနေနဲ့ BARMASO Super Sensitive Glass လို (ဘေးဘောင်ပဲ ကော်ပါတဲ့အမျိုးအစား) ကို ရွေးကပ်လို့ရပါတယ်။ ကောင်းကျိုးကတော့ UV မှန်လို risk မရှိတဲ့ အပြင် ကပ်ရတာ ခွာရတာ လွယ်မယ်။ ဒါပေမဲ့ ဘေးဘောင်ပဲ ကော်ပါတဲ့အတွက် ကပ်ပြီးရင် UV မှန်လို Sensitive မဖြစ်ဘူး၊ ကာဗာဘေးဘောင်နဲ့ တွန်းမိရင်လည်း အလွယ်နဲ့ ကွာနိုင်တယ်၊ မှန်အလည်မှာ ကော်မပါတော့ ဟနေတဲ့အတွက် ဖိမိတာနဲ့ ကွဲနိုင်တယ်။

ဘာရွေးရမလဲ မသိတော့ဘူး ဖြစ်စေသွားရင် တောင်းပန်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ မှန်ခုံးဖုန်းအတွက် မှန်ကပ်ရဲ့ အမှန်ကန်ဆုံးအခြေအနေကို ပြောပြပေးနေတာပါခင်ဗျာ။

◼️ BARMASO UV GLASS အပိုင်းရဲ့ ရှင်းလင်းချက်များ။

အကယ်၍များ —
UV မှန်ကိုပဲ ကပ်မယ်ဆိုရင် အောက်ပါအချက်အလက်များအားလုံးကို သေချာစွာ ဖတ်ပေးပါ။ BARMASO UV မှန်ကြောင့် ဖုန်းတစ်ခုခု ဖြစ်သွားရင် အငြင်းပွားမဖြစ်စေအောင် အောက်ပါ နှစ်ဦး နှစ်ဘက် သဘောတူညီထားတဲ့အတိုင်း ဆောင်ရွက်ပေးသွားမယ်ဖြစ်ပါတယ်။

၁။ ဖုန်းအပေါက်တစ်ခုခု (speaker, button, Samsung Note Pen ပေါက်၊ အားသွင်းပေါက်) ထဲကို UV ကော်ရည်မဝင်အောင် မှန် မကပ်ပေးခင်မှာ အပေါက်တွေကို တိပ်ခွေနဲ့ သေချာစွာ ပိတ်ပေးမယ်ဖြစ်ပြီး ကပ်တဲ့အချိန်မှာလည်း မိတ်ဆွေကိုယ်တိုင်ထိုင်းစောင့်ရင်းနဲ့ ကော်ရည်ဝင်/မဝင်ဆိုတာကို ဝိုင်းကြည့်ပေးလို့ရပါတယ်ခင်ဗျာ။ ကော်ရည်ဝင်/မဝင်ဆိုတာကို ကပ်တာပြီးစီးသွားရင် တိပ်ကိုခွာပြီး ပြပေးပါမယ်ခင်ဗျာ။

၂။ ကပ်ပြီးရင် Speaker အသံကြားရမကြားရ၊ Screen တစ်ခုလုံး touch မမိတဲ့နေရာ ရှိ/မရှိ၊ button နှပ်လို့ကောင်း/မကောင်း၊ (Samsung) Note Pen ထုတ်လို့ရ/မရ၊ အားသွင်းတာ ဝင်/မဝင် နှင့် အခြား function တွေကို သေချာစွာ စစ်ပြီးမှ အားလုံးအဆင်ပြေမှသာ ငွေရှင်းပေးပါ။

၃။ ငွေရှင်းပြီး နောက်ပိုင်းဖြစ်ပေါ်လာတဲ့ ပြသနာ (သို့) error သမျှအတွက် တာဝန်ယူပေးမည်မဟုတ်ပါ။ (၁) ပတ် အတွင်းလခိုလာရင် ဘောင်ချာပြပြီး FOC (Free of Charge) အနေနဲ့ ပြန်ကပ်ပေးပါတယ်။ ဘောင်ချာမရှိ (သို့) ကပ်ပြီး (၇) ရက်ကျော်သွားရင် FOC နဲ့ ပြန်လုပ်ပေးမည်မဟုတ်ပါခင်ဗျာ။ လေခိုလာတဲ့ အကြောင်းအရင်းက ကပ်ထားတာအဆင်မပြေတာလွှဲ၍ ကာဗာအမာနဲ့တွန်းမိတာ နှင့် ထိမိတိုက်မိတာနဲ့လည်း ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါဗျာ။

အကယ်၍ ကော်ရည်လုံးဝမဝင်ပဲနဲ့ ဖုန်း error တစ်ခုခု တတ်နေရင် မည်သည့်တာဝန်ယူပေးမည်မဟုတ်ပါဗျာ။

အကယ်၍ ကော်ရည်ဝင်သွားရင် ဖြေးရှင်းနည်း နှင့် ပြန်လျော်ပေးမယ့်ငွေအမောင့်ကို အောက်ပါအတိုင်းဖြစ်ပါတယ်။ —
၁။ Speaker ပေါက်ထဲကို ကော်ရည်ဝင်သွားရင် အရက်ပြန် ညှစ်ထည့်ပြီး speaker ကို brush နဲ့ ကြာကြာတိုက်ပေးရတယ်။ နဂိုလိုပြန်ဖြစ်သွားတာက များတယ်။

၂။ Button ထဲကို ကော်ရည်ဝင်သွားရင် အရက်ပြန် ညှစ်ထည့်ပြီး brush နဲ့ ကြာကြာတိုက်ရင်းနဲ့ ခလုပ်လေးကို ကစားပေးရတယ်။ ကော်ရည်ဝင်တာများရင် ၁၀၀% နဂိုလို ပြန်ဖြစ်သွားတာ နည်းတယ်။ နဂိုလိုရဲ့ 80%~90% (ခန့်မှန်းချက်) လောက်တော့ ပြန်ကောင်းသွားတာ များတယ်။

၃။ Samsung Note Pen နှင့် အားသွင်းပေါက်ထဲကို ကော်ရည်ဝင်သွားရင် အရက်ပြန် ညှစ်ထည့်ပေးထားတဲ့အဝတ်နဲ့ သန့်ရှင်းရေးပြန်လုပ်ပေးရတယ်။ တော်တော်များများအခြေအနေမှာ နဂိုလို ပြန်ဖြစ်သွားပါတယ်။

အထက်ပါ error နှင့် အခြား error တွေသမျှ အသတ်နိုင်ဆုံးအနေနဲ့ ဖြေရှင်းပေးပါတယ်ခင်ဗျာ။ အကယ်၍များ ဖြေရှင်းပေးထားတဲ့ result ကို မကျေနပ်ရင် အများဆုံးအနေနဲ့ မှန်ကပ်တန်ဖိုးရဲ့ ၁၀ ဆကို ပြန်လျော်ပေးမယ်ဖြစ်ပါတယ်။ ဒီအထက်ကို လုံးဝမလုပ်ပေးနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

မှတ်ချက် —
၁။ BARMASO တစ်ဆိုင်ချင်းစီရဲ့ UV မှန်ကပ် ဝန်ထမ်းတွေကို Training ကောင်းကောင်းလေး ပြန်ဆင်းထားပေးပါတယ်ခင်ဗျာ။ အသတ်နိုင်ဆုံး အကောင်းဆုံးအနေနဲ့ ကြိုးစားပြီး ကပ်ပေးပါတယ်။ ဒါပေမဲ့ အခြား brand လိုပါပဲ Zero error ဆိုတာ ကျွန်တော်တို့လည်း အာမခံ တကယ်မပေးနိုင်လို့ပါဗျာ။ မတော်တဆ ဆိုတာ အမြဲရှိတတ်လို့ပါခင်ဗျာ။

၂။ ၁၀ သိန်းကျော် တန်တဲ့ဖုန်းကို ၁ သောင်းကျော်တန် မှန်ကပ် ကပ်ပြီး error တတ်သွားတဲ့အတွက် ၁ သိန်းကျော်လျော်ငွေကိုပဲ ပြန်ရတာကို မမျှတဘူးလို့ ထင်သလို့ ကျွန်တော်တို့မှာလည်း ၁ သောင်းကျော်တန် မှန်ကပ်ရောင်းပြီး ၁၀ သိန်းကျော် ပြန်လျော်ရတာကိုလည်း မမျှတဘူးလို့လည်းထင်နေရတဲ့အတွက် UV မှန်ရဲ့ risk ကို တကယ်ယူနိုင်မှသာ ကပ်ပါ ဆိုတဲ့အကြောင်းကိုအသိပေးပါရစေခင်ဗျာ။

၃။ ဒီအချက်အလက်တွေအားလုံးက ကျွန်တော်တို့ တာဝန်မယူနိုင်တာကို ဖော်ပြတာထက် ကျွန်တော်တို့ အသတ်နိုင်ဆုံးတာဝန်ယူနိုင်တဲ့အပိုင်းကို အငြင်းပွားမရှိစေအောင် ကြိုတင် ဖော်ပြ ပေးထားတာပါခင်ဗျာ။

၄။ UV မှန် မကပ်ရဲဘူးလို့ပြောလာရင် ကျွန်တော်တို့ နားလည်းပေးနိုင်သလို ကျွန်တော်တို့ရဲ့အခက်အခဲ့ကိုလည်း အနူးအညွတ် ကျေးဇူးပြုပြီး နားလည်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

ကျွန်တော်/ကျွန်မ အထက်ပါ အချက်အလက်အားလုံးကို သေချာဖတ်ပြီး နားလည်းသဘောတူပါသည်။

နာမည် —

Sign —

Date —

Leave a comment

Your email address will not be published. Required fields are marked *

Please note, comments must be approved before they are published