လေယာဉ်ပေါ်ကို powerbank ဘယ်လောက် mAh ထိ သယ်လို့ရသလဲ?

မသိသေးတဲ့ဘရိုတို့ စစ်တို့အတွက်


အတိအကျပြောရမယ်ဆိုရင် 27027mAh ထိ နေရာတိုင်းရတယ်။ 30000mAh ဆိုရင် တချို့နေရာလွတ်ပေးတယ်။ တချို့နေရာမှာ စကားများရတယ်။ တချို့နေရာ pass မပေးဘူး။ 30000mAh ထက်တော့ သေချာပေါက်ကျာ်လို့မရဘူး။

ဘာလို့ 27027mAh အတိလည်းဆိုတော့ Federal Aviation Aministration မှ သတ်မှတ်ထားတဲ့ 100Wh (watt-hour) ပေါ်မူတည်ပြီး mAh နဲ့ V နဲ့ ပေါင်းစပ်ပြီး တွက်ထွက်လာတဲ့အဖြေပါ။ အသေးစိတ်တော့ မတွက်ပြတော့ဘူး။

မင်မင်အတွေ့အကြုံအရဆိုရင် အကောင်းဆုံးကတော့ 20000mAh ထိပဲ သယ်လိုက်။ ဘာဆိုဘာမှ စကားများစရာမလိုတော့ဘူး။ တော်တော်လုံလောက်ပြီ။ Barmaso က 20000mAh ဆိုရင် iPhone 14 Pro Max ကို ၃ ကြိမ်ထိသွင်းလို့ရတယ်။

သတိထားရမှာက-
၁။ Powerbank မှာ brand name တစ်ခုခု နှင့် capacity specification က ရှင်းနေရမယ်။
၂။ လေယာဥ်ပေါ် ဆွဲသွားမယ့် hand luggage ထဲပဲထည့်သွားလို့ရမယ်။ air ticket ထုတ်ပေးတဲ့ counter နေရာမှာ အပ်လိုက်တဲ့ luggage ထဲကိုထည့်သွားလို့မရဘူး။ တစ်ခုခုဖြစ်ရင် (powerbank ကနေမီးထလောင်ဘာညာပေါ့နော်) အဲ့ luggage က လေယာဥ်ရဲ့ပိုက်အောက် cargo hold ထဲမှာရှိနေတဲ့အတွကိ ဖြေရှင်းရတာအရမ်းခက်လိမ့်မယ်။

#BARMASO #Powerbank

Leave a comment

Your email address will not be published. Required fields are marked *

Please note, comments must be approved before they are published